KNU တပ်မဟာ (၅)နယ်မြေအတွင်း ကျေးရွာ(၂)ရွာကို အာဏာသိမ်းစစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

KNU တပ်မဟာ (၅)နယ်မြေအတွင်း ကျေးရွာ(၂)ရွာကို အာဏာသိမ်းစစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး
ဖေဖော်ဝါရီ 17, 2023 | 2021 Military Coup| အခြားဒေသများ

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ KNU တပ်မဟာ (၅)နယ်မြေအတွင်းရှိ ကျေးရွာနှစ်ရွာကို အာဏာသိမ်းစစ်အုပ်စုက နှစ်ရက်အတွင်း ဗုံးသီး(၁၂)လုံး ကြဲချခဲ့ရာ စာသင်ကျောင်းတစ် ကျောင်းနှင့် နေအိမ်များ ထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့ရကြောင်း KNU ဗဟိုက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ(၁၄)ရက်နေ့၏ ညပိုင်းက အာဏာသိမ်းစစ်အုပ်စုသည် တိုက်လေယာဉ် (၃)စင်းဖြင့် ဒေဘုနိုကျေးရွာအတွင်းကို ဗုံးကြဲချခဲ့ပြီး ဖေဖော်ဝါရီလ (၁၅)ရက် ညပိုင်းတွင် လည်း တိုက်လေယာဉ် (၃)စင်းဖြင့် လူသောမြို့နယ်၊ ထော့ထီးပယ်ကျေးရွာအတွင်းသို့ ဗုံးသီး (၆)လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အဆောက်အဦး (၇)လုံးပါ ရှိသည့် စာသင်ကျောင်း (၁)ကျောင်း၊ နေအိမ်(၆)လုံး၊ ဈေးဆိုင် (၃)ဆိုင်နှင့် စပါးကျီ (၂)လုံး မီးလောင်သွားပြီး လယ်ထွန်စက် (၄) စီး၊ ဆိုင်ကယ်(၂)စီး၊ အင်တာနက်ဝိုင်ဖိုင်စလောင်း(၁)ချပ်နှင့် ဆန် စက်(၁)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

 

Photo: KNU, CJ