တပ်မဟာ ၅ နယ်မြေရှိ ရိုးစလင်းစစ်ကောင်စီတပ်စခန်းကို တစ်ပတ်ကြာတိုက်ခိုက်ပြီး ပူးပေါင်းတပ်များသိမ်းယူ

တပ်မဟာ ၅ နယ်မြေရှိ ရိုးစလင်းစစ်ကောင်စီတပ်စခန်းကို တစ်ပတ်ကြာတိုက်ခိုက်ပြီး ပူးပေါင်းတပ်များသိမ်းယူ
ဖေဖော်ဝါရီ 26, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ဖော်ဖူး(ရိုးစလင်းစခန်း)ကို KNLA  ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းထားကြောင်း သိရသည်။

ရိုးစလင်းတပ်စခန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၏ စစ်ရေးဦးဆောင်မှုဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

အင်အား(၄၀)ခန့်ရှိသော အဆိုပါတပ်စခန်းကို တော်လှန်ရေးတပ်များက တစ်ပတ်ကြာတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေးသွားသည်ဟုလည်း FFD Drone တပ်ဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်သားများ ထွက်ပြေးပြီးနောက် တော်လှန်ရေးတပ်များက စခန်းအတွင်းဝင်‌၍ နယ်မြေရှင်းလင်းရာ (၆၀)မမ အလုံး(၆၀)နှင့် ရှေ့ထွက်မိုင်း (၃)လုံးကို သိမ်းယူရရှိခဲ့သည်ဟု သိရသည်။

ရိုးစလင်းစခန်းကို FFD Drone တပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှစတင်၍ (၂၄)ရက်နေ့အထိ Droneဖြင့် ဗုံးသီးအလုံးပေါင်း (၄၀)ကျော်ကို ကြဲချတိုက်ခိုက်ခဲ့ပြီး KNLA တပ်ဖွဲ့မှလည်း စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖော်ဖူး(ရိုးစလင်းစခန်း)သည် ရိုးစလင်းချောင်းဘေးတွင်ရှိပြီး ၁၉၉၅ ခုနှစ်ကတည်းက အထိုင်ချတပ်စွဲထားခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Force for Federal Democracy - FFD