မကွေးတိုင်း မြိုင်မြို့နယ် တွင်းမကျေးရွာမှ ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့ မနက်(၉)နာရီတွင် ကင်းပတ်ထွက်လာသည့် ပျူစောထီးများအား 8+ အညာမြေတပ်ပေါင်းစု တိုက်ခိုက်ရာ ပျူစောထီး သုံးဦး သေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။
နှစ်ဖက်တပ်ဖွဲ့အကြား နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီးများ ဆုတ်ခွာချိန်၌ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရှေ့တက်၍ ထပ်မံပစ်ခတ်ခဲ့ရာ ပျူစောထီး (၃) ဦး သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှလည်း M-16 သေနတ် နှစ်လက် ၊ G-3 တစ်လက် ၊ 5.56 ကျည် (၁၈၀)တောင့် ၊ G3 ကျည် (၈၀)တောင့် ၊ ဖုန်း (၂) လုံးနှင့် Icon တစ်လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား 8+ အညာမြေတပ်ပေါင်းစုဖြစ်သည့် M.V.P Revoulation Force ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့(မြိုင်) ၊ UAV Fighter ၊ မဟူရာ အလင်းတန်းပြောက်ကျား ၊ Phoneix People Defence Force၊ Scopion People Defence Force ၊ ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့နှင့် ဇာမဏီ Drone တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: M.V.P Revolution Force (ပုံဟောင်း)