ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ဆေးရေးဂိတ်များကို ရှော့တိုက်ဒုံး၊ တာဝေးပစ်ဒုံးအလုံး( ၃၀ )ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။
ဒေသကာကွယ်ရေးတပ်များသည် ၂၀၂၃ခုနှစ်၊ မေလ( ၂၅ )ရက်နေ့က မင်းတပ်မြို့ရှိ စစ်ကောင်စီတပ် ခလရ( ၂၇၄ )၊ မင်းတပ်ရဲစခန်း၊ ကန်ပက်လက်လမ်းခွဲရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များ ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ် ခလရ( ၂၇၄ )၊ မင်းတပ်ရဲစခန်း၊ ကန်ပက်လက်လမ်းခွဲရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မည်မျှရှိသည်ကို မသိရသေးဟု CDF မင်းတပ်က ယနေ့ မေလ( ၂၈ )ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဒါ့အပြင် မေလ( ၂၆ )ရက်နေ့ကလည်း ကျောက်ထုမြို့မှတက်လာသည့် အင်အား( ၁၈၀ )ဝန်းကျင်ပါ စစ်ကောင်စီတပ်ကို ကျောက်ထု-မင်းတပ်လမ်းပိုင်းတစ်နေရာတွင် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုများကို Chin Defence Force - Mindat(ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ်မြို့နယ်)၊ CDF မတူပီ တပ်ရင်း( ၁ )၊ စစ်ဒေသ( ၁ )၊ ဂန့်ဂေါခရိုင်တပ်ရင်း( ၃ )၊ ( ၁၃ )တို့က တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency