ထားဝယ်မြို့နယ်ရှိ မယ်ဝေးတောင်ပေါ် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ထားဝယ်မြို့နယ်ရှိ မယ်ဝေးတောင်ပေါ် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
ဖေဖော်ဝါရီ 7, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ စစ်‌ကောင်စီတပ်၏ မယ်ဝေးတောင်ပေါ်စခန်းကို တော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Ba Htoo Armyထံမှ သိရသည်။

မယ်ဝေးတောင်ပေါ်တပ်စခန်းသည် သပြေချောင်းရွာ အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် (၄၀၁)ခြေမြန်တပ်ရင်းနှင့် အမှတ်(၄၀၂) ခြေမြန်တပ်ရင်းတို့နှင့် ကပ်လျှက်တွင်ရှိပြီး တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်(၃)လက် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ဗထူးတပ်မတော်(BHA)၊ ထားဝယ်စုပေါင်းစစ်ကြောင်း(DCC)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသည် သာသနာ့နယ်မြေတွင်ဖြစ်သဖြင့် စခန်းအား မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့သည်ဟု ဆိုသည်။

၂၀၂၄ခုနှစ်အတွင်း စစ်ကောင်စီတပ်အား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးအသိ သတိဖြင့် သွားလာနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တရားဝင် အသိပေးထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို အလေးထားလိုက်နာကြရန်လည်း အသိပေးထားသည်။

#TachileikNewsAgency

Photo: Ba Htoo Army-BHA