ဝမ်းတွင်းမြို့နယ် အင်းကန်းကြီးကျေးရွာရှိ Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း ဖောက်ခွဲ

ဝမ်းတွင်းမြို့နယ် အင်းကန်းကြီးကျေးရွာရှိ Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း ဖောက်ခွဲ
နိုဝင်ဘာ 9, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  ဝမ်းတွင်းမြို့နယ် အင်းကန်းကြီးကျေးရွာရှိ Mytel တာဝါတိုင်အား ခရိုင်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် အင်းကန်းကြီးကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားတစ်ခုဖြစ်သည့် Mytel တာဝါတိုင်အား ခရိုင်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့်  မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင် မလှိုင်မြို့နယ်များ PDF များက ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့ နံနက်အစောပိုင်း အချိန်က ဖောက်ခွဲဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

မိတ္ထီလာခရိုင်အတွင်း အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင်များကို  ဒေသကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲဖျက်ဆီးခြင်းများအဖြစ် အများ အပြား လုပ်ဆောင်ခဲ့ပြီးကြောင်းလည်း သိရသည်။