ရွေးကောက်ပွဲလုပ်မည်ဟု ပြောဆိုနေသည့် စစ်ခေါင်းဆောင်က သန်းခေါင်းစာရင်းကောက်ယူရေး ပြည်သူကို မိန့်ခွန်းပြောမည်

ရွေးကောက်ပွဲလုပ်မည်ဟု ပြောဆိုနေသည့် စစ်ခေါင်းဆောင်က သန်းခေါင်းစာရင်းကောက်ယူရေး ပြည်သူကို မိန့်ခွန်းပြောမည်
သြဂုတ် 31, 2024 | 2021 Military Coup

ရွေးကောက်ပွဲပြုလုပ်မည်ဟု ပြောဆိုနေသည့် ရာထူး(၄)မျိုးရယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူကို မိန့်ခွန်းပြောမည်ဟု သိရသည်။ 

တစ်နိုင်ငံလုံးတွင် စစ်ရေးရှုံးနှိမ့်နေပြီး တရုတ်ကို အကူအညီတောင်းနေရသည့် စစ်ခေါင်းဆောင်သည် မြို့ပေါင်း(၇၀)ကျော်ကို ဆုံးရှုံးထားရပြီးဖြစ်သော် လည်း လာမည့် စက်တင်ဘာလ (၁)ရက်နေ့တွင် မိန့်ခွန်းပြောမည်ဟု ဆိုသည်။ 

စစ်ကောင်စီသည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။ 

စစ်ခေါင်းဆောင်သည် သမ္မတရာထူး၊ ဝန်ကြီးချုပ်ရာထူး၊ စစ်ကောင်စီဥက္ကဌနှင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးတို့ကို ရယူထားသည်။ 

တော်လှန်ရေးအဖွဲ့များကမူ စစ်ကောင်စီ၏ ထွက်ပေါက်ဖြစ်သော ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency