ဒီပဲယင်းမြို့နယ်တွင် ကင်းပတ်လာသည့် စစ်ကောင်စီကားကို တော်လှန်ရေးတပ်များပစ်ခတ်ပြီး လက်နက် ၄ လက်သိမ်းဆည်း

ဒီပဲယင်းမြို့နယ်တွင် ကင်းပတ်လာသည့် စစ်ကောင်စီကားကို တော်လှန်ရေးတပ်များပစ်ခတ်ပြီး လက်နက် ၄ လက်သိမ်းဆည်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ကင်းပတ်လာသည့် စစ်ကောင်စီကားကို တော်လှန်ရေးတပ်များက ပစ်ခတ်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်(၄) လက် သိမ်းဆည်းရရှိကြောင်း ဒီပဲယင်း Local PDF Team က ထုတ်ပြန်သည်။

ဒီပဲယင်း မြို့ပတ်လမ်းသို့  လှည့်ကင်းထွက်လာသည့် စစ်ကောင်စီတပ်သား(၄)ဦးပါသည့် ကားအဖြူတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၄ခုနှစ် မေလ (၃၀)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ကင်းပတ်ကားပစ်ခတ်ခံရခြင်း‌ကြောင့် ကားပေါ်ပါ စစ်ကောင်စီတပ်သား(၄)ဦး သေဆုံးပြီး G3 တစ်လက်၊ M4 A1 တစ်လက်၊ MA13 (၂)လက်၊ (၉)မမ ကျည်(၅၀)တောင့်၊ (၅.၅၆)ကျည် (၁၁၈)တောင့်နှင့် ဖုန်း(၄)လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို Depeyin Local Mobile Team၊ မုံရွာမြို့နယ် ပလဖအဖွဲ့နှင့် ဘုတလင် Mobile Team အဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency