အုတ်ဖိုမြို့နယ်အတွင်းရှိ စစ်အုပ်စု၏ ထုတ်ကုန်များ အသုံးမပြုရန် သတိပေး

အုတ်ဖိုမြို့နယ်အတွင်းရှိ စစ်အုပ်စု၏ ထုတ်ကုန်များ အသုံးမပြုရန် သတိပေး

 ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် စစ်အုပ်စု ထုတ်ကုန်ဖြစ်သည့်  အရက်၊ဘီယာများကို ရောင်းချနေမှုများအား ၀င်ရောက်စစ်ဆေးပြီး စစ်အုပ်စုထုတ်ကုန်များ အသုံးမပြုရေးအတွက် သတိပေးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ( ၄ ) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုထံမှ သိရသည်။

သိမ်းဆည်းရမိသည့် စစ်အုပ်စုထုတ်ကုန်များကို ဖျက်ဆီးနေစဉ်

သိမ်းဆည်းရမိသည့် စစ်အုပ်စုထုတ်ကုန်များကို ဖျက်ဆီးနေစဉ်

အုတ်ဖိုမြို့နယ်အတွင်းရှိ ဈေးဆိုင်များအား ၂၀၂ခုနှစ် ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ( ၄ ) မှ တပ်ဖွဲ့ဝင်များမှ ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာတွင် စစ်အုပ်စုထုတ်ကုန်ဖြစ်သည့် အရက်၊ဘီယာများကို တွေ့ရှိရ၍ အရေးယူ ဖျက်ဆီးခဲ့ကြောင်းနှင့် ဆက်လက်၍ စစ်တပ်ထုတ်ကုန်များ အသုံးမပြုရေးအတွက် သတိပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပုံအညွှန်း - သိမ်းဆည်းရမိသည့် စစ်အုပ်စုထုတ်ကုန်များကို ဖျက်ဆီးနေစဉ်

ပုံအညွှန်း - သိမ်းဆည်းရမိသည့် စစ်အုပ်စုထုတ်ကုန်များကို ဖျက်ဆီးနေစဉ်

ဆက်လက်၍လည်း ပြည်သူလူထုအား ဖမ်းဆီးသတ်ဖြတ်ကာ အမျိုးမျိုး ဒုက္ခပေးနေသည့် စစ်တပ်ကို ၀င်ငွေရစေသည့် စစ်တပ်ထုတ် အရက် ၊ ဘီယာ ရောင်းချသည့် ဆိုင်များအား ၀င်ရောက် ဖမ်းဆီးဖျက်ဆီးမှုများအား ထိရောက်စွာ လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်တပ်ထုတ်ကုန်များကို အသုံးမပြုကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ( ၄ ) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက တိုက်တွန်း အသိပေးထားသည်။

တားမြစ်ထားသည့် စစ်အုပ်စုထုတ်ကုန်များတွင် နန်းမြိုင်ကော်ဖီ၊  Army Rum၊ Andaman Gold Blue၊ Andaman Gold Special၊ Army Rum၊ Black Shield Stout၊ Dagon Dairy Plant ထုတ်ကုန်များ၊  မြန်မာဘီယာ၊ မန္တလေးဘီယာ၊ Red Ruby ဆေးလိပ်၊ Premium Gold ဆေးလိပ်၊ ရွှေဖီဦးလဖက်ရည်ထုပ် စသည့် စားသောက်ကုန်များ ပါဝင်သည်။ 



Photo: သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို