သိုင်းငင်း စခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံမှတ်တမ်းထုတ်ပြန်

သိုင်းငင်း စခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံမှတ်တမ်းထုတ်ပြန်
ဇန်နဝါရီ 17, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာတွင် (၂)နှစ်ကျော် ခြေကုပ်ယူထားသော စစ်ကောင်စီတပ်စခန်းအား ချင်းအမျိုးသား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဓာတ်ပုံများအား Chinland Information Centerက ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ဖော်ပြလာသည်။

ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သော CDM-Siyin၊ CDF-KKG၊ CDF-Hualngoram၊ CDF-Zaniatram၊ CDF-Thantlang၊ CDF-Hakhaနှင့် PDAတို့က အဆိုပါတပ်စခန်းကို ၂၀၂၄ ဇန်နဝါရီလ (၁၂)ရက်နေ့ ညနေ (၅)နာရီမှ စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်တွင် အပြီးပိုင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။



 

တိုက်ပွဲကို စစ်ကောင်စီတပ်က တိုက်လေယဥ်ဖြင့်လည်းကောင်း၊ ကလေးမြို့မှ (၁၂၀)မမ လက်နက်ကြီးများဖြင့်လည်းကောင်း  တိုက်ခိုက်ပစ်ကူပေးခဲ့သော်လည်း တောင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်း (၂၉)လောင်းကို တွေ့ရှိခဲ့ကာ ပူးပေါင်းတပ်များဘက်ကလည်း ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo:Chinland Information Center