စစ်ကိုင်းမြို့ရှိ စစ်ကောင်စီနှင့်သက်ဆိုင်သောနေရာများ မိုင်းခွဲခံရ

စစ်ကိုင်းမြို့ရှိ စစ်ကောင်စီနှင့်သက်ဆိုင်သောနေရာများ မိုင်းခွဲခံရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် လဝကရုံးအား ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း People's Army To Fight Dictatorshipထံမှ သိရသည်။

စစ်ကိုင်းမြို့နယ် လဝကရုံးကို People's Army To Fight Dictatorshipအဖွဲ့က မိုင်းချကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးကိုမူ မသိရသေးပါ။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၃)ရက်နေ့ကလည်း စစ်ကိုင်းမြို့ ခရိုင်စိုက်ပျိုးရေးရုံးအလယ်တွင်ရှိသော စစ်ကောင်စီဌာနဆိုင်ရာများ၊ စစ်ကောင်စီခန့်ဝန်ကြီးများ အမြဲပွဲကျင်းပသည့် မြတ်ဇေယျာခန်းမနှင့် ခရိုင်စိုက်ပျိုးရေးရုံးအား People's Army To Fight Dictatorship က မိုင်းဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါ ခရိုင်ရုံးပတ်လည်တွင် တိုင်းအရန်ရဲတပ်ခွဲရုံး၊ ခရိုင်မီးသတ်ရုံးနှင့် ခရိုင်မြို့နယ်စက်မှုလယ်ယာရုံးများရှိသည်ဟု သိရသည်။

#TachileikNewsAgency