မုံရွာမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် အင်အားဖြည့်နေ၍ ပြည်သူများ ဘေးကင်းရေး လမ်းပိုင်းအချို့ အသုံးပြုခွင့်ကို ဒေသကာကွယ်ရေးအဖွဲ့များက ယာယီပိတ်

 သတင်းဓာတ်ပုံ -စစ်ကောင်စီတပ်သားများ နေရာယူထားသည့် ဗောဓိတစ်ထောင်တောင်ကြောရှိ တောင်ခမောက်တောင် [ Photo: စွမ်းလင်းထက် ]

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဗောဓိတစ်ထောင်တောင်ကြောပေါ်ရှိ တောင်ခမောက်တောင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က စစ်လေယာဉ်များဖြင့် အင်အားဖြည့်နေသည့် အတွက် ပြည်သူများ ဘေးကင်းရေးအတွက် လမ်းပိုင်းအချို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ နံနက်အစောပိုင်းကစ၍ ယာယီပိတ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များဘက်မှ ထုတ်ပြန်ထားသည်။

မုံရွာ - ချောင်းဦးလမ်းပိုင်း၊ မြေနဲ - ဗောဓိတစ်ထောင်လမ်းပိုင်း နှင့် မုံရွေးရွာ - ရွှေမြင်တင်လမ်းပိုင်းတို့ကို ယနေ့ ၂၀၂၂ခုနှစ် နံနက်(၂)နာရီ မိနစ်(၅၀) အချိန်ကစတင်ပြီး နောက်ထပ်ကြေညာချက် မထုတ်မီအထိ ယာယီပိတ်ထားမည်ဟု မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

 အာဏာသိမ်းစစ်တပ်က ဗောဓိတစ်ထောင်တောင်ကြောတွင် ယမန်နေ့က လေကြောင်းဖြင့် အင်အားဖြည့်နေကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။