"နစ်နာမယ်"သီချင်းဖြင့် အောင်မြင်မှုရရှိလာသည့် တေးသံရှင်နော်ဒင့် ကွယ်လွန်

Photo: Mai Mai Seng
Photo: Mai Mai Seng
"နစ်နာမယ်"သီချင်းဖြင့် အောင်မြင်မှုရရှိလာသည့် တေးသံရှင်နော်ဒင့် ကွယ်လွန်
ဇန်နဝါရီ 26, 2022 | အခြားဒေသများ

"နစ်နာမယ်"သီချင်းဖြင့် အောင်မြင်မှုရရှိလာသည့် တေးသံရှင်နော်ဒင့်သည် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ပရိသတ်များအကြား "နစ်နာမယ်"သီချင်းဖြင့် လူသိများခဲ့သော ကချင်တိုင်းရင်းသား တေးသံရှင် နော်ဒင့်သည် KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၃၆)နှစ်ရှိပြီ ဖြစ်သည်။

၎င်း၏ ဈာပနအခမ်းအနားကို ယနေ့ မွန်းလွဲ(၃)နာရီဝန်းကျင်က လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တေးသံရှင်‌နော်ဒင့်သည် "နစ်နာမယ်"၊ "နာကျည်းလိုက်ပါ"၊ "ဆုလာဘ်" စသည့် သီချင်းများဖြင့် အောင်မြင်မှု ရရှိထားသူဖြစ်ပြီး ၎င်းသည် အောင်မြင်မှု ရရှိနေချိန်တွင် မူးယစ်ဆေးဝါးအမှုကြောင့် နှစ်ရှည်အကျဉ်းကျခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း KIA ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် KIA/KIO ၏ ရဲတပ်ဖွဲ့တွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

နောက်ပိုင်းတွင်  ရှေ့တန်းမှ ကေအိုင်အေစစ်သည်များနှင့် PDF တပ်ဖွဲ့ဝင်များထံ သွားရောက်ကာ စိတ်ဓါတ်ခွန်အားပေး သီချင်းများဖြင့် လိုက်လံဖျော်ဖြေခဲ့သူလည်း ဖြစ်သည်။