ဂန့်ဂေါမြို့တွင် ရဲတပ်သားတစ်ဦးအား လက်နက်နှင့်အတူ Generation Z Army မှ ဖမ်းဆီးထိန်းသိမ်း

ဂန့်ဂေါမြို့တွင် ရဲတပ်သားတစ်ဦးအား လက်နက်နှင့်အတူ Generation Z Army မှ ဖမ်းဆီးထိန်းသိမ်း

မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့တွင် မြစ်ဆိပ်သို့ရေချိုးဆင်းလာသည့် ရဲတပ်သားတစ်ဦးအား ၎င်းနှင့်အတူပါလာသည့် လက်နက်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းကြောင်း Generation Z Army(GZA) မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဂန့်ဂေါမြို့အတွင်းမှ မြစ်ဆိပ်သို့ ရေချိုးဆင်းလာသည့် ရဲတပ်သား ရဲထက်မြတ် အား ဇူလိုင်လ (၇)ရက်နေ့တွင် တပ်တွင်းသတင်းပေးမှုအရ အသင့်စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ကြောင်း Generation Z Army (GZA) မှ ဆိုသည်။

အဆိုပါ ရဲတပ်သားထံမှ G3 အမျိုးအစားသေနတ်တစ်လက် ၊ ကျည်ဘောက် (၁)ဘောက်နှင့် 7.63 (G.3) ကျည် (၁၂)တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ရဲတပ်သားအား Generation Z Army မှ စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Generation Z Army သည် စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် သီးခြားလွတ်လပ်သည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်အာဏာရှင်အား မဟာမိတ်တပ်ဖွဲ့ဝင်များနှင့်အတူ တော်လှန်တိုက်ခိုက်နေကြောင်း သိရသည်။

#TachileikNewsAgency