ချင်းပြည်နယ်အတွင်း မတူပီ - ဟားခါးလမ်း ဝဲဖက်ရှိ ကီလှူန်း နှင့် လုံလှော်ရွာအကြားတွင် အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ် နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ( CDF - Matupi )တို့ ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့ နံနက်(၉)နာရီ (၁၅)မိနစ်အချိန်က စ၍ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
ဇန်နဝါရီလ(၄)ရက်နေ့ကလည်း မတူပီ - ဟားခါးလမ်းပေါ် ဖနိုင် နှင့် ငလိုင်ရွာအကြားတွင် အာဏာသိမ်းစစ်တပ် နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ( CDF - Matupi ) တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က အရာရှိ တစ်ဦး အပါအဝင် စုစုပေါင်း (၃)ဦး သေဆုံးကြောင်းလည်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်အတွင်းရှိ ကျေးရွာများတွင် လက်နက်နှင့်လူအင်အား အများအပြားဖြင့် ထိုးစစ်ဆင်ခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။
#TachileikNewsAgency