စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောရွာ၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ(၃)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ကြောင်း C & T SHWEBO တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်သား(၂)ဦး သေပြီး (၄)ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ကြောင်း ဖေါ်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုကို C & T SHWEBO၊ SNAKE EYES PDF၊ ALPHA-7၊ ဗိုလ်ကျားရိုင်း (ပ.က.ဖ)၊ THE GUYS OF BURMA REVOLUTION FORCE၊ ဒေါင်းမာန်အဖွဲ့နှင့် တပ်ပေါင်းစု (၂)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ(၂)ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၁)ဦးသေပြီး (၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။