TNLA သိမ်းပိုက်ထားသည့် မြို့နယ်များ စစ်ကောင်စီ၏ လေကြောင်းတိုက်မှုကြောင့် အရပ်သား ၁၃ဦး သေဆုံး

TNLA သိမ်းပိုက်ထားသည့် မြို့နယ်များ စစ်ကောင်စီ၏ လေကြောင်းတိုက်မှုကြောင့် အရပ်သား ၁၃ဦး သေဆုံး

TNLA သိမ်းပိုက်ထားသည့် မြို့နယ်များကို စစ်ကောင်စီတပ်မှ ဇန်နဝါရီလအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၃)ဦး သေဆုံးပြီး (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု TNLA ထံမှ သိရသည်။ 

စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့အရှေ့ပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး (၂၀)ခန့် လာရောက်ကြဲချ၍ နေအိမ် (၅)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် မော်တော်ယာဥ် (၁)စီးတို့ ပျက်စီးသည်။ 

ဇန်နဝါရီလ (၂၁)ရက်နှင့် (၂၂)ရက်နေ့တို့တွင် နောင်ချိုမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံး (၄)လုံး လာရောက်ကြဲချရာ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး (၄) ဦး သေဆုံးပြီး အမျိုးသမီး (၃)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၉)လုံးနှင့် ဘုန်ကြီးကျောင်း (၁)ကျောင်းတို့ ပျက်စီးသည်ဟု ဆိုသည်။ 

ကျောက်မဲမြို့နယ်ကိုလည်း စစ်‌‌ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ဗုံး(၄)လုံး လာရောက်ကြဲချ၍ အမျိုးသား(၂)ဦး၊ အမျိုးသမီး (၂)ဦးသေဆုံးပြီး အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁၈)ဦး ဒဏ်ရာရကာ နေအိမ် (၁၂)လုံး ပျက်စီးသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကိုအသုံးပြု၍ လာရောက်ဗုံးကြဲတိုက် ခိုက်နေခြင်းဖြစ်သည်ဟု TNLA က ဖော်ပြသည်။

#TachileikNewsAgency

#TNA_MAT

Photo:PSLF/TNLA News