ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စားနပ်ရိက္ခာအခက်အခဲဖြစ်နေသူများကို AA ထောက်ပံ့

ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စားနပ်ရိက္ခာအခက်အခဲဖြစ်နေသူများကို AA ထောက်ပံ့

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသူများအား အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်း၍ HDCO/ULAတို့က သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ် ပလက်ချောင်းထဲ၌ရှိနေသော တွီကင်းဝကျေးရွာ၊ ဘောင်ကူဝကျေးရွာ၊ အထက်ဘောင်ဝီ‌ကျေးရွာ၊ အောက်ဘောင်ဝီကျေးရွာ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းနေသူများအပါဝင် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် သွားရောက်ကူညီခဲ့သည်ဟု သိရသည်။

ထို့အပြင် ဧပြီလ (၂၅)ရက်နေ့တွင်လည်း ပလက်ဝဒေသရှိ ကြက်ဥဝ‌ကျေးရွာ၊ ပလက်ချောင်းကျေးရွာတို့ရှိ စစ်ရှောင်ပြည်သူ အိမ်ထောင်စု (၇၀)အတွက် (Hygiene kit ၇၀) အသုံးအဆောင်ပစ္စည်းများကို HDCOမှ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သက်ကြီးရွယ်အိုများနှင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသူများအား လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)မှ စားနပ်ရိက္ခာ အပူတပြင်းလိုအပ်နေသည့် အိမ်ထောင်စု (၄၁)စုအတွက် ဆန်အိတ်(၂၀)ကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Humanitarian and Development Coordination Office