စစ်ကောင်စီကြီးကြပ်မှုဖြင့် တောင်ကြီးတန်ဆောင်တိုင်ကို နိုဝင်ဘာလတွင်ပြုလုပ်မည်

စစ်ကောင်စီကြီးကြပ်မှုဖြင့် တောင်ကြီးတန်ဆောင်တိုင်ကို နိုဝင်ဘာလတွင်ပြုလုပ်မည်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်ပြုလုပ်သည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။

အဆိုပါ မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ (၉)ရက်နေ့မှ (၁၅)ရက်နေ့အထိ အဝေရာမီးပုံးပျံကွင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်အလွန်ကာလအထိ (၃)နှစ်ကြာ ရပ်နားထားခဲ့ကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြန်လည်ပြုလုပ်ခြင်းဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲကို စစ်ကောင်စီက ဦးစီးကာ ကြီးကြပ်လုပ်ဆောင်နေပြီး လုံခြုံရေးကိုလည်း တင်းကြပ်မည်ဟု သိရသည်။

#TachileikNewsAgency

Photo : EXITHAMSTER