ရေစကြိုမြို့နယ်ရှိ ဆင်ချောင်းရွာ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် 

ရေစကြိုမြို့နယ်ရှိ ဆင်ချောင်းရွာ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် 

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ဆင်ချောင်းရွာ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF အဖွဲ့မှ ၂၀၂၄ခုနှစ် ဇွန်လ (၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ်ရှိ ဆင်ချောင်းရွာ ပျူစောထီးအထိုင်ချစခန်းအား ဇွန်လ (၂၇)ရက်နေ့ နေ့လယ် (၁၂)နာရီမှစတင်ကာ ညနေ (၆)နာရီအချိန်အထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဗုံးသီး အကြီး (၈) လုံးဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် သေဆုံးမှုများရှိခဲ့ပြီး ပျူစောထီးခေါင်းဆောင်အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများကို မိတ္ထီလာဆေးရုံတွင် ကုသလျှက်ရှိကြောင်း Southern YSO PDF အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Southern YSO PDF၊ မြိုင် ပကဖ၊ ပြည်သူ့အားမာန် PDF အဖွဲ့နှင့် Shwe Nyar Myae PDF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency