စစ်တပ်ဝါဒဖြန့် စောင်နီလေးတစ်ထည် ဇာတ်ကားကို အာဆီယံရုပ်ရှင်ပြပွဲ၌ ပြသမည်

စစ်တပ်ဝါဒဖြန့် စောင်နီလေးတစ်ထည် ဇာတ်ကားကို အာဆီယံရုပ်ရှင်ပြပွဲ၌ ပြသမည်
သြဂုတ် 25, 2023 | 2021 Military Coup

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ဝါဒဖြန့်ချီရေးအဖြစ် ရိုက်ကူးထားသည့် စောင်နီလေးတစ်ထည်ဇာတ်ကားကို အာဆီယံရုပ်ရှင်ပြပွဲ၌ ပြသသွားမည်ဟု သိရသည်။

သိရီလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ကျင်းပမည့် အာဆီယံရုပ်ရှင်ပြပွဲ၌ အဆိုပါ စစ်ကောင်စီဝါဒဖြန့်ဇာတ်ကားကို အင်္ဂလိပ်စာတန်းထိုးဖြင့် ပြသရန်စီစဉ်နေသည်ဟု သိရသည်။

အာဆီယံရုပ်ရှင်ပြပွဲက မြန်မာ့ဇာတ်ကားတစ်ကားနှင့် ဇာတ်လမ်းတို (၃)ကားအား ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သေးသည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီဝါဒဖြန့် စောင်နီလေးတစ်ထည်ဇာတ်ကားနှင့် ဇာတ်လမ်းတို(၃)ကားဖြစ်သည့် ဆံရစ်ဝိုင်းအလှ၊ မနက်ဖြန် နှင့် ကျွန်တော်လူထွက်လိုက်ပြီ ဇာတ်လမ်းတိုတို့ ပါဝင်ပြသမည်ဟုသိရသည်။

စောင်နီလေးတစ်ထည်ဇာတ်ကားကို ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်) ရိုက်ကူးထားပြီး ရန်အောင်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ကျော်ဇောဟိန်း၊ နက္ခတ်၊ Lနေနော်၊ Lဆိုင်းဇီ၊ နေရောင်၊ သီဟနိုင်နှင့် သားထွေး စသည့်ပုဂ္ဂိုလ်များ ပါဝင်ထားသည်။

၎င်းပါဝင်သူများသည် အာဏာသိမ်းစစ်တပ်၏ (၇၈)နှစ်မြောက် စစ်ရေးပြအခမ်းအနားကိုလည်း တက်ရောက်ခဲ့ကြပြီး တော်လှန်ရေးအဖွဲ့ အစည်းများကမူ ၎င်းတို့ကို လူမှုရေးပြစ်ဒဏ်ခတ်ရန် နှိုးဆော်ထားသည်။

#TachileikNewsAgency