ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်းရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦးသေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရရှိ

ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်းရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦးသေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်းရွာသို့ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦးသေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် အမှတ် (၁) တပ်ရင်း (KLPDF) ထံမှ သိရသည်။

ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်းရွာသို့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ ညနေ (၃)နာရီ (၄၀) မိနစ်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ အမျိုးသမီးတစ်ဦး အပါအဝင် (၃)ဦး သေဆုံးခဲ့ကာ (၅)ဦး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိ၍ နေအိမ် (၃)လုံး ၊ ကား (၂)စီးနှင့် ပြည်သူပိုင်ပစ္စည်းအများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ကုက္ကိုလ်ကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ စစ်ရေးပစ်မှတ်မရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကောလင်းခရိုင် ၊ အမှတ် (၁) တပ်ရင်း (KLPDF) က ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်ပေါင်းစုထံသို့ လက်လွှတ်ခဲ့ရပြီးနောက် ကောလင်းမြို့နယ်နှင့် ပင်လယ်ဘူးမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: Kawlin People Defense Force - KLPDF