ထားဝယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးစာရေးတစ်ဦးကိုဖမ်းမိ

ထားဝယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးစာရေးတစ်ဦးကိုဖမ်းမိ
စက်တင်ဘာ 5, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှ ကျောက်ဆိပ်ကုန်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရမိပြီး သေဆုံးသူများရှိကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)ထံမှ သိရသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် ခမရ (၄၀၃)၊ ခမရ (၄၀၄)၊ ခမရ (၄၀၅)မှ စစ်ကောင်စီတပ်သားများအား ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်း ထိခိုက်သေဆုံးသူရှိကာ တပ်ကြပ်ကြီးစာရေးတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည့်အပြင် MA-4 သေနတ်တစ်လက်၊ ကျည်ဘောက်(၆)ခု၊ ၄၀ မမ နှစ်လုံးနှင့် ၆၀ မမ (၃)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို တနင်္သာရီတိုင်း ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ (TPDF)၊ ထားဝယ်ပြည့်သူလွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ Adin Hmue-Dawei (ထားဝယ်-ပကဖ)၊ ထားဝယ်မြို့နယ် ပြည့်သူကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ DGRF (ထားဝယ်-ပကဖ)၊ Spring Ohamma-အဖွဲ့တို့ ပူးပေါင်းပါဝင်သော သာဂရစစ်ကြောင်း၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဏတ်(ကျားသစ်နက်)၊ ဓဝယ်မျိုးသားလွတ်မြောက်ရေးတပ်မတော်(DNLA)နှင့် TPLF Drone Team တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency