စစ်ကိုင်းတိုင်းအတွင်း ယနေ့နံနက်ပိုင်းမှစ၍ အာဏာသိမ်းအဖွဲ့၏ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ တိုက်လေယာဉ်များ ပျံသန်းကင်းထောက်၊ ထောက်ပို့လုပ်နေ

စစ်ကိုင်းတိုင်းအတွင်း ယနေ့နံနက်ပိုင်းမှစ၍ အာဏာသိမ်းအဖွဲ့၏ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ တိုက်လေယာဉ်များ ပျံသန်းကင်းထောက်၊ ထောက်ပို့လုပ်နေ
ဇန်နဝါရီ 21, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်းအတွင်း ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့နံနက်ပိုင်းကစ၍ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများနှင့် တိုက်လေယာဉ်များ အကြိမ်များစွာ ပျံသန်းကင်းထောက်၊ ထောက်ပို့လုပ်နေသည်ကို တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ညနေ (၄)နာရီ (၉)မိနစ်အချိန်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး မြင်းမူမြို့ပေါ်တွင် မြစ်ရိုးအရှေ့ဖက်အတိုင်း မြောက်ဘက်သို့ ပျံသိန်းသွားကြောင်း သိရသည်။

ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်း အမှတ် (၆၀၀၆ )တပ်တွင်းမှ စစ်ရဟတ်ယာဉ်တစ်စီး ညနေ (၄)နာရီကျော်တွင် တောင်ဘက်သို့ ပျံသန်းသွားသည်ကို တွေ့ရပြီး ညနေ (၃)နာရီ ကျော်ကလည်း ဒရုန်းတစ်စီး မုံရွာမြို့၏ အရှေ့မှ အနောက်သို့ ပျံသန်းနေခဲ့ခြင်းဖြစ်သည်။

အလားတူ ထီးချိုင့်နယ်ဘက်ရှိ ကမ်းနီ၊ ကြက်တကောင်ဘက်တွင် ညနေ (၃)နာရီ (၅၅) မိနစ်က တိုက်ခိုက်ရေးရဟတ်ယာယ် (၂)စီး ပျံဝဲနေခဲ့ကြောင်း သိရသည်။

နေ့လယ် (၁၂)နာရီ (၁၇)မိနစ်ကလည်း ကလေးမြို့ လေယာဉ်ကွင်းမှနေ၍ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး လေယာဉ်ကွင်းမှ အရှေ့မြောက်အရပ်ဘက်သို့ တက်သွားကြောင်း သိရသည်။

 

နေ့လယ် (၁၁) နာရီ (၁၀)မိနစ်တွင် ဘုတလင်ဘက်၌ ဒရုန်းတစ်စီး မီးရထားသံလမ်းတလျှောက်မှ မြောက်ဘက်သို့ ပျံသန်းနေခဲ့ခြင်းဖြစ်သည်။

နေ့လယ် (၁၁)နာရီအချိန်က မုံရွာအခြေစိုက် နမခမှ ရဟတ်ယာဉ်တစ်စီး ကနီမြို့နယ်ဘက်သို့ ဦးတည်ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းမှ တိုက်ခိုက်၊ ထောက်ပို့၊ ကင်းထောက်ခြင်းကို အားပြုသုံးစွဲနေသည်ကို တွေ့ရပြီး ယနေ့တစ်နေ့တာအတွင်း လေကြောင်းမှ ကင်းထောက်၊ ထောက်ပို့များအပြင် မြေပြင်တိုက်ခိုက်မှုများလည်း ရှိနေသည်ကို တွေ့ရသည်။



#TachileikNewsAgency