တောင်သာမြို့နယ်ရှိ ထနောင်းကုန်းရွာ ပျူစောထီးစခန်းကို တပ်ပေါင်းစုဝင်စီး

တောင်သာမြို့နယ်ရှိ ထနောင်းကုန်းရွာ ပျူစောထီးစခန်းကို တပ်ပေါင်းစုဝင်စီး

မန္တလေးတိုင်း တောင်သာမြို့နယ်ရှိ ထနောင်းကုန်းရွာ ပျူစောထီးစခန်းကို PLA(အနောက်မြောက်စစ်ဒေသ)နှင့် မဟာမိတ်တပ်ဖွဲ့များ ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်သည်ဟု သိရသည်။

အဆိုပါ ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်ရာ နှစ်ဖက်တပ်ဖွဲ့အကြား (၁)နာရီခွဲဝန်းကျင် အပြန်အလှန်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က Mi-35 ဖြင့် နာရီဝက်ခန့်ကြာ လေကြောင်းပစ်ကူပေးခဲ့သော်လည်း စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု PLA(အ နောက်မြောက်စစ်ဒေသ)က ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က နှစ်ဦး သေဆုံးပြီး ကာဘိုင် (၂)လက်၊ KIA ထုတ် KA တစ်လက်၊ ပွိုင့်(၂၂) လက်လုပ် အတို (၂)လက်၊ MG-1 လက်ပစ်ဗုံး တစ်လုံး၊ ကာဘိုင်ကျည်ဘောက်အပို(၄)ခု၊ ကာဘိုင်ကျည် (၁၀၅)တောင့်၊ ပွိုင့်(၂၂)ကျည် (၈)တောင့်၊ စစ်ဦးထုပ် (၂)လုံး၊ ဖုန်း (၃)လုံးနှင့် အင်ဗာတာအသေးတစ်လုံး၊ ငွေ(၁၅,၂၀၀)ကျပ် နှင့် သေနတ်ပစ်ပြိုင်ပွဲဝင်ဆု တံဆိပ်(၆)ခုတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ်(၈၁၅)တပ်ဖွဲ့၊ အထူးတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့နှင့် န.ပ.တ (၇၀၄) Local တပ်ပေါင်းစုတပ်ရင်းတို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ