မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့် နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်

မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့် နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့် နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ကြောင်း ကျားသစ်နက်တပ်မတော် Black Leopard Armyက သတင်းထုတ်ပြန်သည်။

ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များသည် အင်အား (၅၀) ခန့်ဖြင့် အဖွဲ့ (၃) ဖွဲ့ခွဲ၍ မေလ (၁၇) ရက်နေ့ ညနေ (၅)နာရီခန့်တွင် မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့်နေရာများအား ဝင်ရောက်တိုက်ခိုက်ခဲ့ဖြစ်ကြောင်း ကျားသစ်နက်တပ်မတော် Black Leopard Army က မေလ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲမှာ တစ်နာရီခန့် ဖြစ်ပွားခဲ့ပြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြကာ ညနေ (၆) နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများကို ဆက်လက်စုံစမ်းလျှက်ရှိကာ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျားသစ်နက်တပ်မတော်မှ ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်(၁၁) တပ်ရင်း တပ်ခွဲ-၄၊ လရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်စတီးအဖွဲ့ ၊ ကိုမိုက်ခဲအဖွဲ့ ၊ ကျားပေါက်အဖွဲ့ နှင့် မိုင်းတစ်ထောင်ဗိုလ်ပြောင်အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency