မုံရွာမြို့မှ မန္တလေးဘက်သို့ ထွက်လာသည့် ကြေးနီတင်ကားများအား လုံခြုံရေးယူလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မုံရွာမြို့မှ မန္တလေးဘက်သို့ ထွက်လာသည့် ကြေးနီတင်ကားများအား လုံခြုံရေးယူလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့မှ မန္တလေးဘက်သို့ ထွက်လာသည့် ကြေးနီတင်ကားများအား လုံခြုံရေးယူလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း (၄)က ယနေ့  ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုံရွာမြို့မှ မန္တလေးဘက်သို့ ထွက်လာသည့် ကြေးနီတင်ကားများအား လုံခြုံရေးယူလိုက်ပါလာသည့် စစ်ကောင်စီတပ်သားများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ နေ့လယ် (၁၀)နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ကြိုပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများကို ဆက်လက်စုံစမ်းနေကြောင်း မုံရွာခရိုင် အမှတ် (၄)တပ်ရင်းက ဆိုသည်။

တိုက်ခိုက်မှု ဆောင်ရွက်နေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင် ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း (၄)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၉ IDIOTF COLUMN ၊ ယင်းမာပင် AR LAR WA KA MPDF နှင့် ယင်းမာပင်မြို့နယ်တိုက်နယ် (၂)ပကဖ မဲမှောင်ပြည့်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မုံရွာခရိုင် အမှတ်၄တပ်ရင်း _ Chindwin Attack Force