လက်နက်ခဲယမ်းနှင့်အတူ CDM လုပ်မည့် တပ်သား၊ ရဲသားများကို ကျောက်ထု PDF က ကျပ်သိန်း (၈၀)ဂုဏ်ပြုမည်

လက်နက်ခဲယမ်းနှင့်အတူ CDM လုပ်မည့် တပ်သား၊ ရဲသားများကို ကျောက်ထု PDF က ကျပ်သိန်း (၈၀)ဂုဏ်ပြုမည်
ဖေဖော်ဝါရီ 10, 2022 | အခြားဒေသများ



မကွေးတိုင်းအတွင်းရှိ ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်၊ ခဲယမ်းနှင့်အတူ အလင်းဝင်ပါက ကျပ်သိန်း(၈၀)ပေးကာ လွတ်မြောက် နယ်မြေသို့ပို့ပေးမည်ဟု ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ကျောက်ထု PDF က သတင်းထုတ်ပြန်သည်။

လက်နက်၊ ခဲယမ်းနှင့်အတူ ပြည်သူထံအလင်းဝင်လိုသော စစ်ကောင်စီတပ်သား၊ ရဲများအား ကျောက်ထု PDF က လက်ကမ်းကြိုဆိုသည်ဟု ထုတ်ပြန်သည်။

သိန်း(၈၀)ဆိုတာ မင်းအောင်င်လှိုင်ရဲ့ အသေခံစစ်သား၊ ရဲသားတွေအနေနဲ့ ဘယ်တော့မှရလာမယ့် ဆုကြေးငွေ မဟုတ်ပါဘူး။ ဘာတွေ တွေဝေနေကြဦးမလဲ။ လက်နက်ခဲယမ်းနဲ့ သိန်း(၈၀)လဲပြီး ပြည်သူ့ဘက်သာ ရပ်လိုက်ကြပါ။ ဘာလို ပြည်သူ့အမုန်းကိုခံပြီး ချုံတောထဲထိုးထိုး အိပ်နေကြမလဲ။

ဟု ကျောက်ထု PDF ကဆိုသည်။

လက်နက်၊ ခဲယမ်းအပြည့်အစုံနှင့် ပြည်သူထံအလင်းဝင်လာပါက အလင်းဝင်လာသူ စစ်ကောင်စီတပ်သား၊ ရဲများကို ဂုဏ်ပြုငွေ သိန်း(၈၀)ချီးမြှင့်၍ လွတ်မြောက်နယ်မြေပို့ဆောင်မည်ဟု ထုတ်ပြန်သည်။