ဒီပဲယင်းမြို့ကို စစ်ကောင်စီဗုံးကြဲ

ဒီပဲယင်းမြို့ကို စစ်ကောင်စီဗုံးကြဲ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် ဒီပဲယင်းမြို့ကို ပထမအကြိမ်တွင် ဗုံးသီးတစ်လုံးနှင့် ဒုတိယအကြိမ်တွင် ဗုံးသီး(၂)လုံး ကြဲချကြောင်း သိရသည်။ 

ဗုံးကြဲခံရသည့် ရပ်ကွက်များမှာ မြို့မရပ်၊ လယ်တော်ရပ်၊ တောင်ပြင်ရပ်တို့ဖြစ်ပြီး အခြေအနေအသေးစိတ်ကို မသိရသေးဟု ဒီပဲယင်းမြို့နယ်ညီနောင်များက ဖော်ပြထားသည်။ 

အသေးစိတ်သိရှိနိုင်ရန် Tachileik News Agency အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

#TachileikNewsAgency