တွန်းဇံမြို့နယ်တွင် ခလရ (၂၆၈) ဖလမ်းတပ်ရင်းမှ တပ်ကြပ်တစ်ဦး CDF-Tonzang ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

တွန်းဇံမြို့နယ်တွင် ခလရ (၂၆၈) ဖလမ်းတပ်ရင်းမှ တပ်ကြပ်တစ်ဦး CDF-Tonzang ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ချင်းပြည်နယ် တီးတိန်ခရိုင် တွန်းဇံမြို့နယ်တွင် ခလရ (၂၆၈) ဖလမ်းတပ်ရင်းမှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ကြောင်း CDF-Tonzang ထံမှ သိရသည်။

တွန်းဇံမြို့နယ်တွင် ခလရ (၂၆၈) ဖလမ်းတပ်ရင်းမှ တပ်ကြပ်စံလင်းသည် ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်ကြပ်စံလင်းသည် မင်းဘူးမြို့ဇာတိဖြစ်ပြီး ခလရ (၂၆၈) ဖလမ်းတပ်ရင်းမှ ကျီခါးမြို့တပ်စခန်း၌ တာဝန်ထမ်းဆောင်နေစဉ် တွန်းဇံမြို့သို့ စစ်ကူအဖြစ်ပို့ဆောင်ခံရပြီးနောက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း CDF-Tonzang အဖွဲ့က ဆိုသည်။

အဆိုပါတပ်ကြပ်သည် ၎င်းနှင့်အတူ MA-3 တစ်လက်၊ ကျည်ဘောက်လေးခုနှင့် ကျည်အတောင့်တစ်ရာ ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်တပ်ကြပ်အား CDF-Tonzang အဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဆုကြေးငွေ သိန်း (၅၀) ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: CDF Ton Zang