ပဲခူးတိုင်းအတွင်း စစ်ကောင်စီထံဘက်ပြောင်းခိုလှုံခဲ့သည့် PDF တပ်ဖွဲ့ဝင် ဦးဆောင်လမ်းပြနေသည့် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ  တိုက်ပွဲဖြစ်

ပဲခူးတိုင်းအတွင်း စစ်ကောင်စီထံဘက်ပြောင်းခိုလှုံခဲ့သည့် PDF တပ်ဖွဲ့ဝင် ဦးဆောင်လမ်းပြနေသည့် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ  တိုက်ပွဲဖြစ်

ပဲခူးတိုင်းအတွင်း စစ်ကောင်စီထံဘက်ပြောင်းခိုလှုံခဲ့သည့် PDF တပ်ဖွဲ့ဝင် ဦးဆောင်လမ်းပြနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

YOMA GBK-PDF တပ်ဖွဲ့မှ စစ်ကောင်စီထံ ဇွန်လ (၉) ရက်နေ့တွင် ဘက်ပြောင်းခိုလှုံခဲ့သည့် PDF တပ်ဖွဲ့ဝင် ဦးဆောင်လမ်းပြနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် အုတ်ဖိုမြို့နယ်အပိုင် ဂမုန်းဆည်အနီးရှိ တာဝါတိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဦးစွာ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖရိုဖရဲဖြစ်နေချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၊ တိုက်ပွဲမှာ(၃) နာရီကျော်ကြာမြင့်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မှ ဆိုသည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ အထိနာသဖြင့် ဝိုင်းကျေးရွာ ရဲစခန်းမှ လက်နက်ကြီးပစ်ကူများ ရယူပစ်ခတ်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ကြကြောင်းသိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ဦးဆောင်၍ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon GBK-PDF၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA GBK-PDF၊ တပ်ခွဲ ၅ ကြို့ပင်ကောက်Heroပြောက်ကျားတပ်ဖွဲ့ နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency