လှိုင်သာယာမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ယာဉ်တစ်စီးကို မိုင်း(၃)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်

လှိုင်သာယာမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ယာဉ်တစ်စီးကို မိုင်း(၃)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ‌ရွာသစ်ကျေးရွာနှင့် ထိန်နှစ်ပင်ကျေးရွာကြားတွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ ကားတစ်စီးကို ယနေ့ ဧပြီလ(၄)ရက်နေ့ နက်ပိုင်းက ပဒေသာမိုင်း(၃)လုံးဖြင့်ဖောက် ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း From.Zero To Hero က သတင်းထုတ်ပြန်လာသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရသူရှိခဲ့ကာ ထိန်နှစ်ပင်ကျေးရွာကို ပိတ်ဆို့ စစ်‌ဆေးခဲ့ကြောင်း နှင့် တိုက်ခိုက်မှု မတိုင်မီ အနောက်ပိုင်းတက္ကသိုလ်အနီး ထိန်နှစ်ပင်ကျေးရွာအဝင်လမ်း၌  ဗုံးတစ်လုံးဖောက်ခွဲခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတိုက်ပွဲသည် အရှိန်အဟုန် မြှင့်တင်နေပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဂရုတစိုက်သွားလာရန်နှင့် တော်လှန်ရေးအင်အားစုများအား ကူညီထောက်ပံ့ပေးရန် တိုက်တွန်းထား သည်။