ငလျင်လှုပ်ခတ်၍ စဉ့်ကူးတွင် ရွှေတွင်းပြိုကျမှုကြောင့် (၂၇)ဦး သေဆုံးပြီး (၅)ဦးကိုသာ ကယ်တင်နိုင် 

ငလျင်လှုပ်ခတ်၍ စဉ့်ကူးတွင် ရွှေတွင်းပြိုကျမှုကြောင့် (၂၇)ဦး သေဆုံးပြီး (၅)ဦးကိုသာ ကယ်တင်နိုင် 

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တွင်းရှိ ရွှေလုပ်ကွက်တစ်ခုတွင် ငလျင်လှုပ်ခတ်မှုကြောင့် ရွှေတွင်းပြိုကျပြီး လူ(၂၇)ဦး သေဆုံးကာ (၅)ဦးသာ ကယ်တင်နိုင်ခဲ့သည်ဟု ကူညီကယ်ပေးနေသူများထံမှ သိရသည်။

၂၀၂၅ခုနှစ် မတ်လ(၂၈)ရက် နေ့လယ်ပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အင်းတောရွှေတွင်း ပြိုကျသွားခြင်းဖြစ်ပြီး ရွှေတွင်းလုပ်သား(၂၇)ဦးသေဆုံးကာ ပိတ်မိနေသူ (၅)ဦးကိုသာ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

ကယ်တင်နိုင်ခဲ့သူ (၅)ဦးကို ရွှေတွင်းပြိုကျပြီး (၆၅)နာရီကျော်အကြာမှသာ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး အသက်ရှင်သူရှိနေနိုင်သေး၍ ဆက်လက်ကယ်ဆယ်ရေးလုပ်နေသည်ဟု ဆိုသည်။

ငလျင်ကြောင့် စဥ်ကူးမြို့နယ်အတွင်း သေဆုံးသူ(၅၀)ဦးကျော်ရှိနေပြီး မတ်လ(၃၁)ရက်နေ့ ညပိုင်းတွင်လည်း စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်၍ နေအိမ်တချို့မီးလောင်ပျက်စီးသည်ဟု သိရသည်။

#TachileikNewsAgency

Photo:မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(လက်ပန်လှ)