ကောလင်းမြို့တွင် အလကားနေရင်း ကင်းပတ်နေသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်း မိုင်းဆွဲခံရ၍ သေဆုံး ထိခိုက် များပြား

ကောလင်းမြို့တွင် အလကားနေရင်း ကင်းပတ်နေသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်း မိုင်းဆွဲခံရ၍ သေဆုံး ထိခိုက် များပြား
ဖေဖော်ဝါရီ 21, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် ယနေ့ဖေဖော်ဝါရီလ(၂၁)ရက်၊ နေ့လည်ပိုင်းက ကင်းပတ်နေသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်  မိုင်းဆွဲတိုက်ခိုက်ခံရကာ အများအပြားသေကြောင်း ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

မြိုတွင်း ကင်းပတ်နေသည့် အကြမ်းဖက်စစ်‌ကောင်စီ၏ ယာဉ် အသေးနှစ်စီး၊ အကြီးတစ်စီး ကင်းပတ်နေစဉ် တည်ဆောက်ဆဲ ကားကြီးကွင်းအရှေ့၊ ရွှေမင်းဝံလမ်းမကြီးပေါ်၌ မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲခံရသဖြင့် နောက်ဆုံးမှပါလာသည့် အကြမ်းဖက်စစ်ကောင်စီ ကားအကြီးတစ်စီးထိခိုက်ခဲ့ပြီး ကားနောက်ခန်းတွ င်ပါလာသော စစ် ကောင်စီတပ်သား သေဆုံး၊ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး‌နောက် အနီးရှိ ပြည်သူ (၇)ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။