မတ္တရာမြို့နယ်အတွင်းမှ အာဏာသိမ်းတပ်၏ သတင်းပေးတစ်ဦး အသတ်ခံရ၍ လာစစ်သည့် စစ်ကောင်စီတပ်ကို မတ္တရာ PDF က  မိုင်းဆွဲ တိုက်ခိုက် 

မတ္တရာမြို့နယ်အတွင်းမှ အာဏာသိမ်းတပ်၏ သတင်းပေးတစ်ဦး အသတ်ခံရ၍ လာစစ်သည့် စစ်ကောင်စီတပ်ကို မတ္တရာ PDF က  မိုင်းဆွဲ တိုက်ခိုက် 
ဖေဖော်ဝါရီ 22, 2022 | အခြားဒေသများ

 မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအုပ်စုအတွင်း ကင်းရွာမှ အာဏာသိမ်းတပ်၏ သတင်းပေးဖြစ်သည့် အမျိုးသားတစ်ဦး ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့တွင် အသတ်ခံရသည့်အတွက် လာရောက်စစ်ဆေးသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ယာဉ်တန်းကို မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က  မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှ ကား (၂)စီး လမ်းဘေးထိုးကျသွားပြီးနောက် အာဏာသိမ်းတပ်ဘက်က ရမ်းသမ်း ပစ်ခတ်မှုများအပြင် လူနာတင်ယာဉ် (၃)စီးဖြင့် လာသယ်သွားကြသည်ကိုလည်း တွေ့ရသဖြင့် အသေအပျောက်၊ အထိအခိုက်ရှိမည်ဟု ခန့်မှန်းထားသည်။

အဆိုပါ စစ်ကောင်စီတပ်သတင်းပေး  ယမန်နေ့ ညနေ (၆) နာရီကျော်တွင် သေဆုံးမှုမှာ မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး အဆိုပါ သတင်းပေး သေဆုံးမှုအား ည (၉)နာရီကျော်တွင် လာရောက်စစ်ဆေးသည့်အဖွဲ့ကို လမ်း၌မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။