ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း ပဲခူးမြို့နယ်အတွင်း  ဆီဘောက်ဆာယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိ၍ (၂)ဦး သေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း ပဲခူးမြို့နယ်အတွင်း  ဆီဘောက်ဆာယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိ၍ (၂)ဦး သေဆုံး

ပဲခူးမြို့နယ်အတွင်း ရန်ကုန် - မန္တလေးအမြန်လမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိပြီး အမျိုးသား(၂)ဦးသေဆုံးကာ အမျိုးသမီး(၇)ဦးဒဏ်ရာရကြောင်း သိရသည်။



ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ဘက်မှ ယာဥ်မောင်း အောင်ကိုမင်း မောင်းနှင်လာသည့် နောက်တွဲဆီဘောက်ဆာယာဥ်သည် ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းအတိုင်း ဒိုက်ဦးမြို့ဘက်သို့ မောင်းနှင်လာစဥ် ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါဘုရားမုဒ်ဦးဝင်ပေါက်အနီးအရောက် လိုက်ထရပ်ယာဥ်နှင့် တိုက်မိခြင်း ဖြစ်သည်ဟု သိရသည်။

“လိုက်ထရပ်က ယာဥ်ကြောမရှင်းဘဲ လမ်းရဲ့ညာဘက်ကနေ ဒေးစွန်းပါဘုရားလမ်းထဲကို ချိုးကွေ့တာ  နောက်ကနေ အရှိန်နဲ့မောင်းလာတဲ့ ဆီဘောက်ဆာကား ဝင်တိုက်မိပြီး လိုက်ထရပ်ကားက ဆီဘောက်ဆာယာဥ်ရဲ့ အောက်မှာ ပိနေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

ယာဥ်တိုက်မှုကြောင့် လိုက်ထရပ်ယာဥ်၏  ကားခေါင်းခန်းမှ စီးလာသည့် ယာဥ်မောင်းအပါ အမျိုးသား(၂)ဦး သေဆုံးပြီး အနောက်မှ လိုက်ပါလာသည့် အမျိုးသမီး(၇)ဦးအနက် ဒေါ်တင်တင်ခိုင်မှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိပြီး ကျန်(၆)ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။

 

Photo: မောင်မေတ္တာ