ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးလောင်ပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သိရသည်။
ဒေသတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် တောင်ငူခရိုင် တပ်ရင်းအမှတ် (၃၅၀၂)က ၂၀၅ ခုနှစ် မတ်လ (၂၄)ရက်နေ့က ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် လူနေအိမ်များ မီးလောင်နေသည်ကို တွေ့ရပြီး ထိခိုက်ဒဏ်ရာရသူများအား ကူညီကယ်ဆယ်ရေးလုပ်ပေးနေသည်ကို တွေ့ရသည်။
အဆိုပါ တိုက်ခိုက်ခံရသည့် ကျေးရွာအမည်ကို ဖော်ပြထားခြင်းမရှိဘဲ မတ်လ (၂၂)ရက်နေ့နှင့် (၂၃)ရက်နေ့တွင် အဆိုပါကျေးရွာ၌ မည်သည့်တိုက်ခိုက်မှုမှ ဖြစ်ပွားနေခဲ့ခြင်းမရှိဟု ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ဒဏ်ရာရထားသူများလည်းရှိကာ နေအိမ် (၇)လုံး ပျက်စီးသွားကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်း ပေါင်းတည်မြို့နယ်ရှိ စမ်းမအိုင်ရွာတွင်လည်း ယမန်နေ့ ညသန်းခေါင်က တစ်ကြိမ်၊ ယနေ့ နံနက်ပိုင်းတွင် တစ်ကြိမ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု လုပ်ခဲ့ကြောင်း သိရသည်။
စမ်းမအိုင်ရွာ ညသန်းခေါင် တိုက်ခိုက်ခံရမှုတွင် (၂)ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု သိရသည်။
#TachileikNewsAgency
Photo:တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502