မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု သေဆုံးသူ ၃၀ ကျော်ရှိလာပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်

မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု သေဆုံးသူ ၃၀ ကျော်ရှိလာပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်
အောက်တိုဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှာင် ကလေးငယ်များအပါအဝင် (၃၀)ကျော် သေဆုံးပြီး (၅၀)ကျော် ဒဏ်ရာရရှိကြောင်း ကနဦးသတင်းအရ သိရသည်။



 

လက်ရှိတွင် သေဆုံးသူဦးရေ မတည်ငြိမ်သေးပဲ ဆက်လက်ရှာဖွေနေဆဲဖြစ်ကာ အဆိုပါစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု(၁၆၀)ကျော်၊ လူဦးရေ(၇၀၀)ဝန်းကျင် နေထိုင်ကာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် (၂)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

 

#TachileikNewsAgency

Photo : Awng Ja