ပခုက္ကူမြို့နယ်အတွင်း ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုကြောင့် (၆)ဦး သေဆုံး  

ပခုက္ကူမြို့နယ်အတွင်း ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုကြောင့် (၆)ဦး သေဆုံး  

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်‌ကျေးရွာစာသင်ကျောင်း အတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မတ်လ(၂၁)ရက်နေ့တွင်  ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား(၃၀)ဝန်းကျင်တပ်စွဲထားသည့် ၎င်းစစ်ကောင်စီတပ်ကို PPDF တပ်ဖွဲ့၊ Myint Chay-Kyun Chaung Defense Force MC-KCDF၊ King Fighterနှင့် ပေါက်မဟာမိတ် တပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ (၁)နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ 

ယင်းတိုက်ပွဲကို စစ်ကူပေးရန်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တစ်စီးကိုလည်း ပခုက္ကူမြို့နယ် ဆီကောင်း-ဂဝံလေးတိုင် လမ်းပိုင်းတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ(၆)ဦး‌သေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တစ်ဦးဒဏ်ရာရ(မစိုးရိမ်ရ)ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency