သံတောင်ကြီးမြို့နယ် ကျောက်လုံးကြီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပတ်အတွင်း Sniper ဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခံရ

သံတောင်ကြီးမြို့နယ် ကျောက်လုံးကြီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပတ်အတွင်း Sniper ဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခံရ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တပတ်အတွင်း Sniper ဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ကြောင်း People Defence Force Thandaung အဖွဲ့ထံမှ သိရသည်။

တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Sniper Mission နှင့် အသံတိတ် တာဝေးပစ် Mission အဖြစ် တော်လှန်ရေးပူးပေါင်းတပ်များမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲတွင် တကြိမ် ၊ ထိုနေ့ ညနေ (၄)နာရီခွဲတွင် တကြိမ်နှင့် အောက်တိုဘာလ (၂၉)ရက်နေ့ နံနက် (၉)နာရီခွဲတွင် တကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Sniper Mission အတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်တဦး အပါအဝင် တပ်ဖွဲ့ဝင် စုစုပေါင်း (၆)ဦး သေဆုံးခဲ့ကြောင်း People Defence Force Thandaung အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအား တောင်ငူခရိုင် တပ်မဟာ (၂)တပ်ရင်း (၅)လက်အောက်ခံ People Defence Force Thandaung နှင့် မဟာမိတ်ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားမှုအနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: People Defence Force - Thandaung