ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်

ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်
စက်တင်ဘာ 4, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးရွာများအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်ကြောင်း ပေါက်မြို့နယ် (ပ.က.ဖ) မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးရွာများဖြစ်သည့် ပင်တောင်၊ သစ်ချိုကုန်း၊ ဝန်ခြုံးနှင့် ကုက္ကိုစုရွာတို့အား တော်လှန်ရေးပူးပေါင်းအဖွဲ့က သြဂုတ်လ (၂၈) ရက်နေ့မှ စတင်ပြီး (၅) ရက်အတွင်း ဒရုန်းဖြင့် 3 Kg ၊ 5 Kg ဗုံးသီးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် ပစ်မှတ်များအား ထိရောက်မှုရှိခဲ့ပြီး ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကာ ကုက္ကိုစုပျူရွာအား တိုက်ခိုက်မှုတွင် (၉၆) ပါးရောဂါ ပြင်းထန်စွာခံစားနေရသည့် ပျူစောထီးခေါင်းဆောင် ပြေအေး သေဆုံးခဲ့ကြောင်း ပေါက်မြို့နယ် (ပ.က.ဖ) က ဆိုသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ပေါက် ပကဖ Drone Team နှင့်အတူ BLY Drone Team တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency