ကသာမြို့နယ်အတွင်း နတ်လှိုင်ရွာသို့ စစ်ကြောင်းထိုးလာသည့် စကစ တပ်အား ABSDF နှင့် ကသာ PDF တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စကစ တပ်ဘက်က (၇)ဦးအထက် သေဆုံး

ကသာမြို့နယ်အတွင်း နတ်လှိုင်ရွာသို့ စစ်ကြောင်းထိုးလာသည့် စကစ တပ်အား ABSDF နှင့် ကသာ PDF တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စကစ တပ်ဘက်က (၇)ဦးအထက် သေဆုံး
ဇန်နဝါရီ 22, 2022 | အခြားဒေသများ

အင်အား(၇၀)ဖြင့်  စစ်ကိုင်းတိုင်း၊ ကသာမြို့၊ နတ်လှိုင်ရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်‌ကောင်စီတပ်အား ABSDF နှင့် ကသာ PDF တို့ ပူးပေါင်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဘက်က (၇)ဦးထက်မနည်း သေဆုံးမှုများရှိကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၂)ရက်၊ နံနက်ပိုင်းက မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)နှင့် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( K PDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အကြမ်းဖက် စစ်ကောင်စီဘက်က (၇)ဦးထက်မနည်း သေဆုံးမှုရှိသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများသည်ဟု သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအပြီး အကြမ်းဖက် စစ်‌ကောင်စီ တပ်သားများသည် ကသာမြို့ထဲသို့ ထမ်းစင်များဖြင့်ထမ်း၍ ရပ်ကွက်(၅)သင်္ချိုင်းလမ်းမှ ဝင်သွားခဲ့ပြီး ကသာမြို့ရှိ အမှတ် (၃၀၉) ခြေမြန်တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် (၆)လုံး ရမ်းသန်းပစ်ခတ်သလို နတ်တောင်ဘက်ကလည်း ၆၀ မမ များဖြင့် အကြိမ်ရေများစွာ ပစ်ခတ်သည့်အတွက် လူကြီးတစ်ဦး နှင့် ကလေးတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်းလည်း သိရသည်။ 

ဒါ့အပြင် နတ်လှိုင်ရွာမှ ပြည်သူတစ်ဦး၏ နေအိမ်ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့သွားခဲ့ကြောင်း သိရသည်။