ရက္ခိုင့်တပ်တော်အနေဖြင့် နိုင်ငံရေး အပေးအယူကို ပြည်သူ့အစိုးရနှင့်သာ ဆွေးနွေးမည်

 ရက္ခိုင့်တပ်တော်အနေဖြင့် နိုင်ငံရေး အပေးအယူကို ပြည်သူ့အစိုးရနှင့်သာ ဆွေးနွေးမည်

 ရက္ခိုင့်တပ်တော်(AA)အနေဖြင့်  နိုင်ငံရေးအပေးအယူအတွက် ဆွေးနွေးခြင်းသည် တရားဝင်အစိုးရနဲ့သာ ဆွေးနွေးမှ အဆင်ပြေမည် ဖြစ်သည့်အတွက် အာဏာသိမ်းစစ်တပ်နှင့် ဆွေးနွေးမည် မဟုတ်ကြောင်း ပြောကြားလာသည်။

နိုင်ငံရေး ဆွေးနွေးတာက ကိုယ်လိုချင်တဲ့ အခင်းအကျင်း မဟုတ်ရင် အဆင်မပြေဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတာကတော့ အပစ်အခတ် ရပ်စဲတာပေါ့။ နိုင်ငံရေးအပေးအယူကို ဆွေးနွေးတာက တရားဝင်အစိုးရနဲ့ ဆွေးနွေးမှပဲ အဆင်ပြေမယ်။ ကျွန်တော်တို့ သတ်မှတ်တဲ့ တရားဝင် အစိုးရဆိုတာက ပြည်သူတွေကလိုလားပြီး အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်တဲ့သူကိုသာ သတ်မှတ်တယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိအာဏာသိမ်းအစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့မရှိပါဘူး။

ဟု ခိုင်သုခက ပြောသည်။

ယနေ့ မတ်လ(၅)ရက်နေ့တွင် ပြုလုပ်သည့် ရက္ခိုင့်တပ်တော်(AA)၏ သတင်းစာ ရှင်းလင်းပွဲတွင် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက   ပြောကြားလိုက်ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်နှင့် အာဏာသိမ်းစစ်တပ်တို့မှာ တရားဝင်အပစ် ခတ်ရပ်စဲထားခြင်း မရှိသလို မည်သည့်စာချုပ်မှလည်း ချုပ်ဆိုထားခြင်း မရှိဟုလည်း ဆိုသည်။

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေသည့်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၏ ရဲစွမ်းသတ္တိကို ချီးကျူးကြောင်းလည်း ရက္ခိုင့်တပ်တော်က ထုတ်ဖော်ပြောကြားထားသည်။

 

ဆက်စပ်သတင်း

ဘာမှမရှိတဲ့ အနေအထားနဲ့ လုပ်ရဲ ကိုင်ရဲတဲ့ PDF များရဲ့ သတ္တိကို ရက္ခိုင့်တပ်တော်(AA) ချီးကျူး