အောင်မြေသာစံမြို့နယ်တွင် စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်ခံရ

အောင်မြေသာစံမြို့နယ်တွင် စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်ခံရ
အောက်တိုဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦး ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အောင်မြေသာစံမြို့နယ် (၁၉)လမ်း၊ (၈၆×၈၇)လမ်းကြားရှိ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်ခံရကာ သေဆုံးသွားခြင်းဖြစ်သည်။

၎င်းတပ်ကြပ်ကြီးကို ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးက အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အနီးကပ် သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ပြီး ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပါ။

#TachileikNewsAgency

Photo : CJ