မကွေးတိုင်း ပခုက္ကူမြို့နယ် ပန်တိုင်းခြုံကျေးရွာအနီးရှိ စစ်ကောင်စီဂိတ်စခန်းမှ ကင်းပုန်းဝပ်ရန်ထွက်လာသော ရဲတပ်ဖွဲ့ဝင်(၈)ဦးကို တော်လှန်ရေးတပ်က ပစ်ခတ်ရာ သေဆုံးသွားကြောင်း ယနေ့ မေလ(၂၀)ရက် နေ့တွင် Southern YSO PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
၂၀၂၄ခုနှစ် မေလ(၂)ရက်နေ့ ညနေပိုင်းတွင် ကင်းပုန်းဝပ်ရန် ထွက်လာသော ရဲ(၈)ဦးကို Southern YSO PDF အဖွဲ့က စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ရဲ(၆)ဦးမှာ ကားလမ်းမတွင် သေပြီး (၂)ဦးမှာ ထွက်ပြေးသွားသဖြင့် လိုက်လံပစ်ခတ်ရာ ထပ်မံသေဆုံးသွားကြောင်း သိရသည်။
ရဲများထံမှ G4 တစ်လက်၊ G3 (၃)လက်နှင့် M 16 A1(၃)လက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
#TachileikNewsAgency