ပုလဲမြို့နယ် ဇီးဖြူကုန်းရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ကို  ဒရုန်းဖြင့် (၄)ကြိမ် တိုက်ခိုက်

ပုလဲမြို့နယ် ဇီးဖြူကုန်းရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ကို  ဒရုန်းဖြင့် (၄)ကြိမ် တိုက်ခိုက်
ဧပြီ 11, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးအဖွဲ့အား ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် (၄)ကြိမ် တိုက်ခိုက်ခဲ့ကြောင်း အောင်ဆန်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၅)၊ အောင်ဆန်းတပ်ရင်း၏ ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မုံရွာ၊  ချောင်းဦး၊ ယင်းမာပင်၊ ပုလဲ မြို့ပေါ်များမှ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များကို ၎င်းတပ်ဖွဲ့က အတာသင်္ကြန်ကာလအတွင်း ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်မဏ္ဍပ်များသို့သွားရောက်လည်ပတ်ခြင်းမပြုကြရန် အသိပေးထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။