CDM ဆရာမအိမ်ရှေ့ "လွတ်အောင်ပြေး"ဟု ရေးခဲ့သည့် ပျူစောထီးတစ်ဦး ဗိုလ်စနေအဖွဲ့၏ လက်ချက်ဖြင့် သေဆုံး

CDM ဆရာမအိမ်ရှေ့ "လွတ်အောင်ပြေး"ဟု ရေးခဲ့သည့် ပျူစောထီးတစ်ဦး ဗိုလ်စနေအဖွဲ့၏ လက်ချက်ဖြင့် သေဆုံး
ဖေဖော်ဝါရီ 27, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာမှ CDM ကျောင်းဆရာမတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်သားများ  ဝင်ရောက်ဖျက်ဆီးရာတွင်  သတင်းပေး ခေါ်ဆောင်သူဟု ဆိုသည့် ပျူစောထီးသင်တန်းဆင်း ဇော်မိုးလွင်ကို ဒေသကာကွယ်ရေးအဖွဲ့က ရှင်းလင်းလိုက်ကြောင်း သတင်းထုတ်ပြန်လာသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သား (၁၀၀)ဝန်းကျင်ကို သတင်းပေးခေါ်ဆောင်သည့်ဟုဆိုသည့် ပျူစောထီးသင်တန်းဆင်း ဇော်မိုးလွင်ဆိုသူကို ယနေ့  ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်တွင် ဗိုလ်စေနေရှင်းလင်းရေးအဖွဲ့က ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"ပျူစောထီးတို့၊ ဒလန်တို့ ဗိုလ်စနေလက်က လွတ်အောင်ပြေး၊ မင်းတို့အတွက် ပြေးစရာ မြေမရှိစေရ။"ဟု ဗိုလ်စနေ ရှင်းလင်းရေးအဖွဲ့က သတိပေးထားသည်။ 

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့က အဆိုပါ ကျေးရွာတွင် CDM ဆရာမတစ်ဦးအား လာရောက်ဖမ်းဆီးရာ နေအိမ်၌ မတွေ့ရ၍ နေအိမ်အား မွှေနှောက်ကာ အိမ်တွင်းပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးပြီး ရေခဲသေတ္တာတစ်လုံးနှင့် TVအကြီးတစ်လုံးကိုလည်း စစ်ကောင်စီတပ်များက ယူဆောင်သွားကြောင်း သိရသည်။

အိမ်တွင်းပစ္စည်းများကို ဖျက်ဆီးသည့်အပြင် နေအိမ်နှင့် အုတ်တံတိုင်းတို့တွင်လည်း စစ်တပ်နှင့်ပျူစောထီးများက " CDM လွတ်အောက်ပြေး နောက်နေ့လာ တွေ့ရင် ဖမ်းမည်။" ၊ "CDM လွတ်အောင်ပြေး ပြေးစရာ မြေမရှိ"ဟု ခြိမ်းခြောက်စာများ ရေးသွားခဲ့သည်။