ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်၏ တပ်စခန်းများအား သိမ်းပိုက်စဉ် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများအား ရက္ခိုင့်တပ်တော်(AA)က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ထုတ်ပြန်သည်။
ကျောက်တော်မြို့ရှိ အမှတ်(၃၇၇)အမြောက်တပ်ရင်းအား ပြီးခဲ့သည့် ဇန်နဝါရီလ (၁၄)ရက်နေ့တွင်လည်းကောင်း၊ ခမရ (၅၃၉)တပ်ရင်းအား ဇန်နဝါရီလ (၁၆)ရက်နေ့တွင်လည်းကောင်း ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်တို့ရှိ စစ်ကောင်စီ၏ ခမရတပ်ရင်းများဖြစ်ကြသည့် မြောက်ဦးအခြေစိုက် (၃၇၇)၊ (၃၇၈)နှင့် (၅၄၀)၊ မင်းပြားအခြေစိုက် (၃၇၉)၊ (၃၈၀)နှင့် (၅၄၁)၊ ကျောက်တော်အခြေစိုက်တပ်ရင်း (၃၇၄)၊ (၃၇၅)နှင့် (၃၇၆)တို့အပါအဝင် ရသေ့တောင်အခြေစိုက် (၅၃၆)၊ (၅၃၇)နှင့် (၅၃၈)တပ်ရင်း အခြေစိုက်နေရာများ၌လည်း ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ပြီး စခန်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Photo:AA Info Desk