ရန်ကုန်တိုင်းအတွင်း ယနေ့ညတွင် ရဲစခန်း နှစ်ခု အပါအဝင် နေရာအတော်များများတွင် ပေါက်ကွဲမှု ဖြစ်ပွား

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့
ရန်ကုန်တိုင်းအတွင်း ယနေ့ညတွင် ရဲစခန်း နှစ်ခု အပါအဝင် နေရာအတော်များများတွင် ပေါက်ကွဲမှု ဖြစ်ပွား
ဖေဖော်ဝါရီ 25, 2022 | အခြားဒေသများ

ရန်ကုန်တိုင်းအတွင်း  ယနေ့ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၉)ရဲစခန်းအနီး၌ ဗုံးနှစ်လုံးကွဲပြီး ခရမ်းမြို့နယ်၊ ဘုရားပျိုရဲစခန်း (၄၀)မမဖြင့် ပစ်ခတ်ခံရကြောင်း ဒေသ ခံများထံမှ သိရသည်။

ယနေ့ ည(၉)နာရီဝန်းကျင်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း မြောက်ဥက္ကလာ၊ အမှတ်(၉)ရဲစခန်းအနီး ခေမာသီလမ်းမပေါ်၌ ဗုံးနှစ်လုံးဆင့် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ခရမ်းမြို့နယ်တွင်လည်း ည(၈)နာရီကျော်က ဘုရားပျိုရဲစခန်း (၄၀)မမဖြင့် ပစ်ခတ်ခံရ‌ကြောင်း သိရသည်။

ယခုလို တိုက်ခိုက်ခံရခြင်းတို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးပေ။

 

ဒါ့အပြင် သာကေ၊ ဒေါပုံ၊ တောင်ဒဂုံ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သင်္ဃကျွန်းတို့တွင်လည်း ယနေ့ ည(၈)နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲသံများကြားရကြောင်း ဒေသခံများက ပြောသည်။