ဆုံရွာ ပျူစောထီးစခန်းကို တော်လှန်ရေး ၁၄ ဖွဲ့ဝင်တိုက်

ဆုံရွာ ပျူစောထီးစခန်းကို တော်လှန်ရေး ၁၄ ဖွဲ့ဝင်တိုက်

မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ ဆုံရွာပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့ (၁၄)ခု ပူးပေါင်းပြီး ယနေ့ ၂၀၂၄ ခုနှစ် မေလ (၉)ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓားပြမှု၊ မုဒိမ်းမှုများ ဆက်တိုက်ကျုးလွန်နေသည့် ဆုံရွာရှိ ပျူစောထီးစခန်းကို ပျူစောထီးများထောင်ထားသည့် မိုင်းကွင်းများအား ရှောင်ကွင်းကာ နံနက်(၅)နာရီမှ (၈)နာရီအထိ တိုက်ခိုက်ခဲ့ကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။

တိုက်ခိုက်မှုတွင် တော်လှန်ရေး ရဲဘော်(၄)ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရ ရဲဘော်များအား Youths for Community-YfC Myaungနှင့် ဒေါက်တာဖီးနစ်တို့မှ ဆေးဝါးများကူညီပေးခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM၊ မန္တလေးခရိုင် တပ်ရင်း ၅၊ Black Tige၊ ဇာမနည်ပျောက်ကျားအဖွဲ့- ငါန်းဇွန်၊ အညာမြေ-ကျောက်ပန်းတောင်း၊ ဒေါင်းစစ်သည်၊ LACR-မြင်းခြံ၊ Wolf Brothers၊ ဒေါင်းညီနောင်၊ မြင်းခြံခရိုင် ရင်း - ၁၊ T.G.Y.R၊ G7 မြောင်၊ ပြောက်ကျားလင်းယုန်နှင့် ဆင်ရိုင်းစစ်ကြောင်း-မြောင်တို့ပါဝင်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: CDSOM မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-Page5